Home Made Oatmeal Mask
စောင့်ရအောင် လုပ်တယ်လို့ မထင်ပါနဲ့ ချစ်တို့ရေ ..
အခုမှ စာရိုက်တာပြီးလို့ပါ .. 😁😁😁 homemade oatmeal mask ဘယ်လိုလုပ်သလဲဆိုတာ မပြောခင် နည်းနည်းတော့ လေရှည်ပါရစေ.. Skincare routine နဲ့ ပက်သက်လို့ ရေးပေးချင်စိတ်အကြီးကြီးရှိပါတယ်.. ဒါပေမယ့် ရေးရင် အနည်းဆုံး ၃ ပိုင်းလောက်ခွဲပြီး အရှည်ကြီး ရေးမှရမှာမလို့ video လေးလုပ်ပေးရင်ရော အဆင်ပြေမလားလို့ မေးချင်တယ်.. ပြေမပြေ ပြောသွားပေးပါနော် ..😘😘😘
လွန်ခဲ့တဲ့အပတ်က bubble clay mask လေးအကြောင်းတင်ပြီးထဲက အသားအရေဘယ်လို ထိန်းသိမ်းလဲဆိုတာနဲ့ ပက်သက်လို့ မေးတဲ့သူအများကြီးရှိပါတယ်.. ❓❓❓ အဲဒါကြောင့် ဒီပို့စ်မှာပါ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကပုံကို တင်ပေးလိုက်ပါတယ် .. ကိုယ်လဲအစက အသားအရေက တော်တော်ကို ဆိုးဆိုးဝါးဝါးပါ .. အဆီဖုတွေ ဆားဝက်ခြံတွေ ၀က်ခြံချိုင့်ခွက်ထဲမှာ အမည်းစက်တွေနဲ့ပါ .. 😭😭😭 အဲဒီအချိန်မှာ dermatologist အရေပြားအထူးကုနဲ့ ၄ လလောက်ပြပြီး သူပေးတဲ့ဆေးတွေပဲလိမ်းပါတယ်.. အဲဒီအချိန်မှာ ဒီ mask လေးက ကိုယ့်ဘ၀ရဲ့ ကယ်တယ်ရှင်ပါ.. ကဲ နိဒါန်းပျိုးတာများသွားပြီ .. ဘယ်လိုလုပ်လဲဆိုတာပြောပြပါမယ် ..
အရမ်းကို လွယ်ပါတယ်.. ခရမ်းချဉ်သီးတစ်လုံး၊ သံပုရာသီး ၂စိတ်နဲ့ oatmeal (အုတ်ဂျုံမှုန့်) တို့ပဲလိုပါတယ်..
Blender ရှိရင်တော့ ပိုအဆင်ပြေပါတယ်.. ခရမ်းချဉ်သီးကို ရေစင်အောင်ဆေး၊ အစေ့တွေထုတ်ပစ်ပြီး ကပ်ကြေး (သို့) ဓါးနဲ့ ခပ်သေးသေးစိတ်ပေးပါ.. သံပုရာသီး ၂ စိတ် (သို့) ၃ စိတ် (သို့) ခံနိုင်သလောက်ထည့်ပါ .. အဲသံပုရာရည်နဲ့ ခရမ်းချဉ်သီးစိတ်ကို Blender ထဲထည့်ပြီး မွှေပေးပါ.. Blender မရှိရင် လက်လှည့်အသားကြိတ်စက်နဲ့ ကြိတ်လဲရပါတယ်.. အဲထဲကိုမှ အုတ်ဂျုံမှုန့်ထည့်ပြီးမွှေပေးပါ.. ညက်သွားရင် ခပ်ပျစ်ပျစ်အနှစ်လေးကို မျက်နှာပေါ်မှာ သုတ်ပေးပါ.. brush နဲ့သုတ်တာတော့ ပိုကောင်းပါတယ်.. မိနစ် ၂၅ (သို့) ၃၀ ခန့်ထားပြီး သိပ်မခြောက်ခင်မှာ မျက်နှာကို ရေကြက်သီးနွေး (lukewarm water) နဲ့ ဆေးပေးရုံပါပဲ.. သတိပေးချင်တာက ဒီ mask ဟာ နည်းနည်း messy ဖြစ်တတ်တဲ့အတွက် ညီမလုပ်သလို လည်ပင်းကို ပ၀ါလေးပတ်လုပ်ရင်တော့ မပေပွဘူးပေါ့နော် .. 👍👍👍
မေးလာနိုင်တဲ့ မေးခွန်းတွေဖြေပေးပါမယ်.. oatmeal ခေါ် အုတ်ဂျုံမှုန့်ကို city mart မှာဝယ်လို့ရပါတယ်.. ၀ယ်ရင် သတိထားပြီး “no flavor” အရသာမပါတာကို ၀ယ်ရပါမယ်.. အရသာပါတယ်ဆိုတဲ့အထုတ်ထဲမှာ သကြား (သို့) သစ်သီးအရသာ ပါတဲ့အတွက် မျက်နှာပေါ်လုပ်လို့ အဆင်မပြေပါ.. ဈေး ၃၅၀၀ မှ ၆၀၀၀ အတွင်းရှိပါတယ်… နယ်မှာနေလို့ city mart မရှိ ဘယ်လိုမှ ၀ယ်လို့အဆင်မပြေရင် ဂျုံမှုန့်စစ်စစ်ကို အစားထိုးသုံးနိုင်ပါတယ်.. အုတ်ဂျုံမှုန့်က ပိုကောင်းပေမယ့် ဂျုံမှုန့်နဲ့လဲအဆင်ပြေပါမယ်..
ဟုတ်ကဲ့.. သံပုရာသီးကို သုံးတဲ့အတွက် မျက်နှာမှာယောင်နေတဲ့ ၀က်ခြံ၊ နေလောင်ရာ ဆိုးဆိုးဝါးဝါး၊ အနာရှိနေရင် စပ်နိုင်ပါတယ်.. ဘာမှမရှိနေရင် လုံးဝ လုံးဝ မစပ်ပါ.. ✅✅✅ မခံနိုင်ဘူး စပ်မယ်ထင်ရင် ဒိန်ချဉ်အစားထိုးသုံးနိုင်ပါတယ်.. မှန်တာပြောရရင် ညီမမျက်နှာ ၀က်ခြံဗရပွနဲ့ အဆီဖုအများကြီး ဖြစ်နေတုန်းက သံပုရာသီးထည့်ပြီးပဲ သုံးခဲ့တာပါ.. ဟုတ်ကဲ့ လုပ်ခါစ စပ်ပါတယ်.. ဒါပေမယ့် သံပုရာသီးပါတော့ မြန်မြန်ပျောက်လွယ်ပါတယ်.. ကိုယ့်မှာအနာလက်ရှိ ရှိနေတယ်.. အသားအရေက သိပ်ပြီးအထိမခံ sensitive ဖြစ်တယ်ထင်ရင်တော့ ဒိန်ချဉ်သာသုံးပါ.. သံပုရာသီးမလွယ်ရင် သံပယိုသီး ရှောက်သီးလဲရပါတယ်..
တစ်ပတ်ကို ၃ ခါ မှ ၅ ခါ .. နေ့တိုင်းလုပ်နိုင်လို့ နေ့တိုင်းလုပ်လဲရပါတယ်.. 👍👍👍 ဘာ chemical မှ မပါတဲ့ အိမ်တွင်းဖြစ် homemade mask စစ်စစ်မလို့ ဘာမှ မဖြစ်ပါဘူး .. များများလုပ်နိုင်ရင် မြန်မြန်သိသာပါတယ်.. ဘာတွေကောင်းလဲဆိုရင် ဝက်ခြံ ဆားဝက်ခြံနဲ့ မျက်နှာပေါ်ကအမာရွတ်နဲ့ အမဲစက်တွေကို သက်သာစေတဲ့အပြင် မျက်နှာအသားအရေကို ဖြူဖွေးကြည်လင် တောက်ပစေပါတယ် .. 💃💃💃 တကယ် အနားမှာရှိရင် ပြချင်တယ်.. အဲဒီ mask လေးသုံးပြီး ဆေးချလိုက်တာနဲ့ မျက်နှာက ဖွေးဥသွားတာပါ.. ညီမ မျက်နှာ ဆိုးဆိုးဝါးဝါးဖြစ်နေတုန်းက နေ့တိုင်းနီးပါးသုံးပါတယ်.. သူက facial scrub အနေနဲ့ မျက်နှာကို exfoiliate (dead cell တွေကို ရှင်းပေးတာ) လဲ လုပ်လို့ရပါတယ်.. မျက်နှာကို ရေကြက်သီးနွေးနဲ့ ဆေးတုန်းမှာ မျက်နှာကို စက်ဝိုင်းပုံခပ်ဖွဖွ အဖတ်ကလေးတွေနဲ့ ပွတ်ပေးရုံပါပဲ.. နေ့တိုင်းမပွတ်ပါနဲ့.. ဒီ mask ကို နေ့တိုင်းသုံးမယ်ဆိုရင် တစ်ပတ်ကို ၂ခါလောက်ပွတ်ရင်ရပါပြီ.. ပုံမှန်ကတော့ ဒီတိုင်းပဲဆေးချပေးပါ..
Mask ထဲ့ထားတဲ့ခွက်လေးက daiso, japan store, mgou တို့မှာဝယ်လို့ရပါတယ်.. သူ့မှာ ပစ္စည်းတိုင်းတဲ့ ချင်ခွက်အသေးတွဲလေးနဲ့ မျက်နှာသုတ်တဲ့ mask brush ပါပြီးသားပါ.. ၁၅၀၀ သို့ ၁၈၀၀ နီးပါးပဲပေးရမယ်.. ကိုယ်ကတော့ သူပါတဲ့ brush ကိုသိပ်မကြိုက်လို့ etude house က brush ကိုသုံးပါတယ်.. ၂၀၀၀ လောက်ပေးရမယ်.. နောက်တစ်ခုသတိပေးချင်တာက ကိုယ်ကဒီလို DIY (Do it Yourself) လို အိမ်မှာကိုယ့်ဟာကို အိမ်တွင်းဖြစ် mask တွေလုပ်တတ်ရင် cutting board (စဉ်းတီတုန်း)၊ ဓါး၊ ကတ်ကြေး၊ ထည့်ဖို့ခွက်လေးတွေကို နည်းနည်းပိုက်ဆံစိုက်ထုတ် (invest) လုပ်ပြီး သတ်သတ်ဝယ်ထားဖို့ အကြံပေးပါရစေ.. မီးဖိုချောင်ထဲက ဟင်းချက်ထမင်းချက်နေတဲ့ ခွက်တွေ ကပ်ကြေးတွေကို ယူသုံးတာ မျက်နှာက သိပ်နုလို့ အန္တရာယ်များပါတယ်..
ဒီ mask ဟာ ၀က်ခြံ၊ ဆားဝက်ခြံ၊ အမာရွတ်နဲ့ အမဲစက် တွေကို ပျောက်စေရုံသာမက အသားအရေဖြူချင် ကြည်လင်တောက်ပချင်သူတွေအတွက်လည်း အကောင်းဆုံးပါ.. တကယ်ကို ကိုယ်တိုင် သုံးခဲ့ပြီး ကိုယ်တိုင်ပျောက်ခဲ့လို့ ရှယ်ပေးတာပါ.. Homemade mask တွေကို လုပ်ရတာကြိုက်တယ်ဆိုရင် ထပ်ပြီးတော့လည်း အမျိုးမျိုးသော အသားအရေပြဿနာများအတွက် ကိုယ့်အိမ်မှာရှိတာတွေနဲ့တင်သုံးနိုင်တဲ့ mask လုပ်နည်းလေးတွေ ထပ်တင်ပေးသွားပါမယ်..
ထပ်ပြောချင်တာက လောကမှာ မလှတဲ့မိန်းကလေးမရှိပါဘူး.. ပျင်းတဲ့မိန်းကလေးပဲရှိပါတယ်တဲ့.. 😁😁😁 အားစိုက်ထုတ်ပြီး သေချာလေးဂရုစိုက်ပေးရင် လူတိုင်းလှပတဲ့အသားအရေရနိုင်တယ်ဆိုတာ သိစေချင်လို့ လွန်ခဲ့တဲ့ ၂ နှစ်ခွဲနဲ့ အခုပုံကို ယှဉ်ပြီးတင်ပေးလိုက်ပါတယ်.. ရိုက်ထားတဲ့ပုံတွေအားလုံးဟာ လုံးဝ effect သုံးမထားပဲ သဘာဝအလင်းရောင်နဲ့ ရိုက်ထားတာပါ.. 🙂🙂🙂
သိချင်တာရှိရင် အချိန်မရွေး messenger ကဖြစ်ဖြစ် comment box ကဖြစ်ဖြစ်မေးနိုင်ပါတယ်.. အားတာနဲ့ ပြန်ဖြေပေးပါတယ်နော်.. friend request တွေအားလုံးကိုလဲ မစစ်ရသေးလို့ accept မလုပ်ရသေးတာပါ.. လုပ်ပေးပါမယ်လို့ .. ဒီလောက်စာအရှည်ကြီးဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်.. 👏👏👏
Skincare routine ကို video နဲ့ပဲတင်ပေးလို့ အဆင်ပြေမလားဆိုတာလေး ပြောပေးသွားပါနော်.. ☺️☺️☺️ စာရေးမကောင်းတဲ့ကြားက သည်းခံပြီးဖတ်ပေးလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်.. မရှင်းတာရှိရင်လဲ မေးပါနော် .. 😍😍😍❤️❤️❤️😘😘😘
(ဒါ MBT reviews က ပို့စ်ကို ပြန် share လုပ်ပေးထားတာပါ)
Ps. တစ်ခုလေးပဲတောင်းဆိုချင်တာက စိတ်ကြိုက် share လုပ်နိုင်ပါတယ် .. ဒါပေမယ့် သေချာ အချိန်ကုန်ခံပြီး ရေးပေးထားတာမို့ copy ကူးသွားပြီး ဒီတိုင်းမတင်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ် .. Copy ကူးသွားရင်တောင် အချိန်ကုန်ခံ လက်ညောင်းခံပြီး ရေးပေးထားတာကို ထောက်ထားပြီး credit ပေးဖို့ တောင်းဆိုပါတယ်ရှင် .. ဤစာကို personal share လုပ်ခြင်းမှလွဲ၍ magazine, journal နဲ့ website တွေမှာ အသုံးပြုချင်ရင် ခွင့်ပြုချက်တောင်းရန် မေတ္တာရပ်ခံပါတယ်ရှင် .. 😊😊😊
#shinmonthway #olivialivinglife #tomalicious
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860

ဒါက သုံးတဲ့ ingredient တွေပါ.. ခရမ်းချဉ်သီးက လှအောင်သာ အများကြီးထည့်ရိုက်ထားတာ .. တကယ်က တစ်လုံးထဲ သုံးတာပါ.. တစ်လုံးဆို မျက်နှာသေးရင် လူ၂ယောက်တောင်ရတယ်.. အုတ်ဂျုံမှုန့်ဆိုတာ အဲဒီလို အမှုန့်လေးတွေပါနော်..
ဒါကတော့ blend လုပ်ထားတဲ့ mask ပါ.. ကိုယ်နှစ်သက်သလို မပျစ်မကျဲအနေတော်လေးရောပါ .. ပြီးရင် mask brush လေးနဲ့ မျက်နှာပေါ်သုတ်လိုက်ရုံပါပဲ .. မျက်နှာပေါ်သုတ်ထားတာလေးပါ ပြထားပါတယ် .. ညီမကတော့ ဝက်ခြံရော အမာရွတ်ရောမရှိတော့ လုံးဝကို မစပ်ပါဘူး
ဘယ်လောက်ဖွေးသွားတယ်ဆိုတာကို ပြချင်လို့ လက်ပေါ်မှာပါ သုတ်ပြီး ရိုက်ပြထားပါတယ်.. ဆေးပြီးတဲ့အချိန်မှာ အဲနေရာက အရမ်းဖွေးသွားတာကို မြင်ရလားတော့မသိဘူး lighting ကြောင့်..
ဒါက mask ကို မိနစ်သုံးဆယ်ထားပြီး အပေါ်ယံကြောတင်းပြီးခြောက်နေပုံတဲ့ ဆေးပြီးချိန်မှာ ဘယ်လောက်တောင် မျက်နှာက ဖြူဖွေးနုသွားလဲဆိုတာပါ ..
ဒီနောက်ဆုံးပုံကတော့ လွန်ခဲ့တဲ့ ၂ နှစ် မျက်နှာ ဒွတ်နေပုံနဲ့ အခုရေချိုးပြီးခါစ ဘာမှကို မလိမ်းထားတဲ့ မျက်နှာပြောင်ပုံပါ.. ဘယ်လောက်တောင် အသားအရေပြောင်းလဲသွားလဲဆိုတာ တွေ့ရမှာပါ.. လုံးဝကို effect မသုံးပဲ တံခါးဖွင့်ပြီး natural light နဲ့ ရိုက်ထားတာပါ
__________________________________________________________________________________________
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
အကယ်၍ဒီဆောင်းပါးလေးကိုမိမိတို့ ရဲ့
website,blogs,facebook page,magazine, journal တွေမှာထည့်သွင်းအသုံးပြုချင်ရင်
Olivia Living Lifeရဲ့Facebookစာမျက်နှာကMessengerကနတဆင့်ခွင့်တောင်းပြီးမှသာတင်ကြပါရန်
ကျွန်တော်ကိုယ်တိုင်လည်းခွင့်တောင်းပြီးမှတင်ထားတာမို့ သူငယ်ချင်းတို့ လည်းသူ့ ကိုလေးစားသောအားဖြင့်ခွင့်တောင်းပြီးမှတင်ဖို့ တိုက်တွန်းချင်ပါတယ်။

Comments
Post a Comment